Monday, September 8, 2014

စပါးမှိုသီး‌ရောပါအ‌ကြောင်း

စပါးမှိုသီးရောဂါ ရောဂါလက္ခဏာ ပန်းပွင့်ချိန်တွင် ရောဂါဝင်ရောက်တိုက်ခိုက်ပြီး စပါးရင့်မှည့်စအချိန်တွင် ရောဂါလက္ခဏာတွေ့ရသည်။ စပါးစေ့နေရာတွင် ရောဂါ ဖြစ်စေသော မှို၏ စပိုးများစုဝေးဖြစ်ပေါ်နေသည့် မှိုသီးများအဖြစ် တွေ့ရသည်။ မှိုသီးများသည်အပြင်တွင် အစိမ်းရောင်ရှိပြီး အ တွင်းပိုင်း၌ အ၀ါရောင်မှ လိမ္မော်ရောင် ရှိနေသည်။ စပါးစေ့အရွယ် ထက် နှစ်ဆ သုံးဆခန့်ကြီးသည်။စပါးစေ့သည် ရောဂါဒဏ်ခံ ရပြီး ပျက်စီးသွားသည်။ များသောအားဖြင့် စပါးနှံတစ်ခုမှ စပါးစေ့တချို့သာ ကျရောက်ဖျက်ဆီးခံရသည်။ ရောဂါဖြစ်စေသော သက်ရှိ Ustilaginoidave virens ရောဂါသံသရာ ရောဂါရစပါးစေ့များသည် လယ်ကွက်ထဲ၌ ကြေကျကျန်ရစ်ခဲ့ကာ စပါးပြန်စိုက်ပြီးနောက် အပွင့်ပွင့်ချိန်တိုင်အောင် ရှန်သန်လေ့ရှိ သည်။ ထိုအချိန်တွင် မှိုစပိုးများကို ရေ၊ လေ သယ်ဆောင်သွားခြင်းဖြင့်စပါးပွင့်များ ပေါ်သို့ရောက်ပြီး ရောဂါဖြစ်ပေါ်သည်။ ရောဂါ ရမျိုးစေ့များမှလည်း ကူးစက်သည်။

 ကာကွယ်နှိမ်နင်းနည်းများ
 ၁။ အနှံမထွက်မီ ရက်အနည်းငယ်အလိုတွင် မှိုသတ်ဆေး ဖြန်း/ဆေးဖြူးပြုလုပ်ခြင်းဖြင့် ထိရောက်စွာ ကာကွယ်နိုင်သည်။
 ၂။ ရောဂါကင်းသော စပါးခင်းမှရသည့် မျိုးစေ့များကိုစိုက်ပျိုးပါ။
 ၃။ ရောဂါဒဏ်ခံနိုင်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

 - ကျမ်းကိုး- သီးနှံပင် ရောဂါများ(စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)

5 comments:

  1. Sayar Aung Myo Min,

    Can I get your mail and phone so that I can get contact with you?

    ReplyDelete
  2. kokowin1999@gmail and 095139819. Sayar, I like to contact with you.

    ReplyDelete
    Replies
    1. ဆရာ​တော့ မဟုတ်​ပါဘူး စိုက်​ပျိုး​ရေးနဲ့ပက်​သက်​ပြီး သိထားတာ​လေး​တော့Share​ပေးနိုင်​ပါတယ်​ aungmyomin36@gmail.com

      Delete
  3. မှိုစိုက်ပျိုး​ရေးနဲ့ပတ်​သက်​ပြီးသိချင်​ပါတယ်

    ReplyDelete
    Replies
    1. ကြိုးစားပြီးတင်​​ပေးပါ့မယ်

      Delete